မိတ္ထီလာတွင် (၁ဝ၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ

မိတ္ထီလာ နိုဝင်ဘာ ၂၈

မိတ္ထီလာမြို့တွင် ( ၁ဝ၁ ) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီအချိန်က အထက (၁) ခန်းမတွင်ကျင်းပကြောင်းသိရသည်။

ရှေးဦးစွာအဆိုပါအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေး နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ တာဝန်ရှိသူများ ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများနှင့် တက်ရောက်လာကြသူများက  အလေးပြုကြသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံမှပေးပို့သော (၁ဝ၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာအား ခရိုင်အုပ်ချုပ်ရေး မှူး ဦးဇော်ဇော်ဦးက ဖတ်ကြားခဲ့ကြောင်းသိရသည်။

ချမ်းသာ