ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ကျောက်ဆည် နိုဝင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ စုကြီးရပ်ကွက်၊ မြို့တော်ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများ ကာကွယ်ဆေးထိုးရာတွင် အဆင်ပြေစေရေးအတွက် နေရာ(၂)နေရာခွဲပြီး စတုတ္ထအသုတ်(ပထမ)အကြိမ်နှင့် တတိယအသုတ်(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာ ကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်းရေးကော်မတီ ဦးဆောင်မှုဖြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်းကာ ပြည်သူများ စိတ်အေးချမ်းသာစွာရှိစေရေး  စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး ယနေ့အချိန်အထိ စတုတ္ထအသုတ်(ပထမ)အကြိမ်တွင် သံဃာတော်နှင့် သီလရှင်(၃၈)ပါး၊ အစိုးရ ကျန်းမာရေး ဝန်ထမ်း(၄)ဦး၊ လူမှုရေးအသင်းအဖွဲ့ဝင်(၁)ဦး၊ နိုင်ငံဝန်ထမ်း(၉၇)ဦး၊ ပုဂ္ဂလိက စက်ရုံ၊အလုပ်ရုံ ဝန်ထမ်း (၄၉)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ကိုင်သူ(၈၉)ဦး၊ ဟိုတယ်/တည်းခိုခန်းလုပ်ကိုင်သူ(၃)ဦး၊ ပုဂ္ဂလိကငွေကြေးဝန်ဆောင်မှု လုပ်ကိုင်သူ(၄)ဦး၊ ပုဂ္ဂလိက ပညာရေးဝန်ထမ်း(၃)ဦး အခြားဝင်ငွေရပြည်သူ(၆၇၅၈)ဦး၊ စားသောက်ဆိုင်လုပ်ကိုင်သူ(၉)ဦး၊ မှီခိုပြည်သူ(၂၂၃၄)ဦး၊  မသန်စွမ်းသူ(၄)ဦး၊ ကျောင်းသား/ ကျောင်းသူ (၄၀၀၆)ဦး စုစုပေါင်း(၁၃၂၉၉)ဦး ရှိကြောင်း  သိရှိရသည်။

တတိယအသုတ်(ဒုတိယ)အကြိမတွင် သံဃာတော်နှင့် သီလရှင်(၆၈)ပါး၊ အစိုးရ ကျန်းမာရေးဝန်ထမ်း(၁)ဦး၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း(၁၁)ဦး၊ လူမှုရေးအသင်းအဖွဲ့ဝင်(၃)ဦး၊  နိုင်ငံဝန်ထမ်း (၁၂၂)ဦး၊ ပုဂ္ဂလိက စက်ရုံ၊အလုပ်ရုံ ဝန်ထမ်း(၁၃၉)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ကိုင်သူ(၁၅၁)ဦး၊ ဟိုတယ်/ တည်းခိုခန်းလုပ်ကိုင်သူ(၄)ဦး၊ ပုဂ္ဂလိက ငွေကြေးဝန်ဆောင်မှု လုပ်ကိုင်သူ(၁၇)ဦး၊ ပုဂ္ဂလိကပညာရေးဝန်ထမ်းဝန်ထမ်း (၁၆)ဦး၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်(၆)ဦး၊ အခြား ဝင်ငွေရပြည်သူ(၆၆၂၈)ဦး၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူ(၁၈)ဦး၊ မှီခိုပြည်သူ(၂၄၅၃)ဦး၊  မသန်စွမ်းသူ(၃)ဦး၊ စုစုပေါင်း (၉၆၄၀)ဦးအား ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးပေးပြီးဖြစ်ကြောင်း  မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။

သက်မောင်