ဘားအံခရိုင် Community Centre တွင် စာရေးဆရာလူထုစိန်ဝင်းရေးသားထားသော စဉ်းစားတတ်အောင် ပညာသင်ပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဘားအံ နိုဝင်ဘာ ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန( Community Centre)ခန်းမ တွင် စာရေးဆရာလူထုစိန်ဝင်း ရေးသားထားသော“ စဉ်းစားတတ်အောင် ပညာသင်ပါ ”စာအုပ်ဖြင့် ဒုတိယအကြိမ် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်း က ကျင်းပပြု လုပ်ခဲ့သည်။             

ရှေးဉီးစွာ  ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး  ဒေါ်စိုးစိုးအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး ဘားအံခရိုင် Book Club အဖွဲ့ဝင် ဆရာမ ဒေါ်ဆုလာဘ်နွယ်က စဉ်းစားတက်အောင် ပညာသင်ပါစာအုပ်တွင် ပါဝင်သည့်  ပညာကိုဟမ်ဘာဂါလိုရောင်းစားနေကြတဲ့ခေတ်၊ စာရိတ္တနဲ့ ပြည်သူ့နီတိသင်ကြားပေးဖို့ လိုနေပြီ ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားပြီး ၊  ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက အသိဉာဏ်ပညာ (မြေးကလေးအတွက်ရေးတဲ့စာ) ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ရာ  စာဖတ်ဝိုင်းသို့ တက်ရောက်လာသော Book Club အဖွဲ့ဝင်များမှ သိရှိလိုသည် များဆွေးနွေးခဲ့ ကြောင်းသိရှိရသည်။

 

ဘားအံခရိုင် (ပြန်/ဆက်)