အမြို့မြို့အနယ်နယ်သတင်းများ

Nov 28,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့ ရွှေမှော်ဝန်းသာသနာ့ဗိမာန်ဝင်းအတွင်း၌ တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံ ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ အဆောက်အဦရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ် မြို့နယ်တွင် ဆရာတော်သံဃာတော်များ၊ သာသနာ့နွယ်ဝင်များ၊ အသက် ၆၅နှစ် နှင့်အထက် အဘိုးအဘွားများ၊အစိုးရ၊ ပုဂ္ဂလိကဆေးရုံဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေး ဝန်ထမ်းများ၊ စည်ပင်သာယာ ဝန်ထမ်းများ၊ ဘဏ်လုပ်ငန်းများမှ ဝန်ထမ်းများ၊ လူမျိုးမရွေး၊ ဘာသာမရွေး ဒေသခံပြည်သူများ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို နေစဉ် ထိုးနှံပေးလျက်ရှိပါတယ်။
Nov 28,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် စာစီစာကုံးပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲကို၊ ယနေ့ နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း စကားဝါခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 28,2021
ကမ္ဘာတစ်ဝန်းလုံး၌ ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကူးစ ရန်ကုန်တိုင်းဒေသကြီး ၊ရန်ကုန်အရှေ့ပိုင်းခရိုင် ၊ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများကိုယ် ထိန်းချုပ်ရာတွင် ပူးပေါင်းကူညီခဲ့ကြသော ဌာနဆိုင်ရာ များနှင့် ပရဟိတ အဖွဲ့အစည်းများအား ယနေ့ နံနက် ၉နာရီအချိန်က ဂုဏ်ပြုမနက်စာစားပွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်းရှိ လေးထောင့်ကန် စစ်မှုထမ်း ဟောင်းအိမ်ရာအား စစ်မှုထမ်းဟောင်းမြို့အဖြစ် တည်ဆောက်ပြီး ယင်းဒေသအား ရန်ကုန်တိုင်းဒေသကြီး စံပြမြို့အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်၁၁နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။