သုံးခွမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ လျော့နည်း၊ကျဆင်း၊ပ ပျောက်စေရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်‌ဆေးခြင်းနှင့် နှာခေါင်းစည်း Mask များ (အခမဲ့)ဖြန့်ဝေ

သုံးခွ နို၀င်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြိုနယ်၌ ဌာနဆိုင်ရာများပူးပေါင်း၍ အမှတ်၁ရပ်ကွက် ရှင်စောပုလမ်း၌ ယမန်နေ့ နံနက်၉နာရီအချိန်က YBS  ယာဉ်လိုင်းမှကားများ၊ အငှားယာဉ်များ၊ အိမ်စီးကားများ၊ ဆိုင်ကယ်များ၊ လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ လျော့နည်း၊ ကျဆင်း၊ ပပျောက်စေရေးအတွက် နှာခေါင်းစည်းMask တပ်ဆင်ခြင်း ရှိ/မရှိစစ်‌ ဆေးခြင်း၊ Mask များ (အခမဲ့) ဖြန့်ဝေ‌ပေးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ လိုက်နာ ဆောင်ရွက်ရန် ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် အညီနေထိုင်ရန် အသိ ပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့‌ ဆောင်ရွက်ရာတွင် သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ခရီးသွားလာ‌နေကြသော ပြည်သူများအားကိုဗစ်-၁၉ ရောဂါ ကာ ကွယ် ထိန်းချုပ်ရေးအတွက် ခရီးသွားပြည်သူများအား ကိုယ်အပူ ချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာအကွယ် (Face Shield) များ တပ်ဆင်‌ပြီးမှ ခရီးသွားလာကြရန်၊ လက်သန့်စင်‌ ဆေးရေးများ သုံးစွဲကြရန်နှင့်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်စေ ရေးအသိပညာ‌ပေးခြင်းများ   ဆောင်ရွက်ခဲ့ပြီးနောက် ခရီးသွား ပြည်သူများအား Mask များ (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်းသိရ သည်။

ထိုသို့ ကိုဗစ်-၁‌၉ရောဂါကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/မရှိနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းစိုးနှင့်အဖွဲ့၀င်များ၊စီမံအုပ်ချုပ်ရေး အဖွဲ့၀င် (၁) ဗိုလ်မှူးသန့်ဇော်လင်း၊        မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ၀န်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာနမှူး  ဒေါက်တာ ဇော်၀င်းသန်းနှင့် ကျန်းမာရေးဆရာ၊ဆရာမများ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်သန်းနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ကြက်‌ခြေနီ တပ်ဖွဲ့၀င်များကပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်းသိရသည်။