ကော့မှူး နိုဝင်ဘာ ၂၈
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ၁၀၁နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်၉နာရီကအထကကော့မှူး ကျောင်းခန်းမ၌ကျင်းပခဲ့ ကြောင်းသိရသည်။
အခမ်းအနားတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံမှပေး ပို့သော ၁၀၁နှစ်မြောက်အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာကို ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေး ဦးကျော်ဒေဝက ဖတ်ကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ၁၀၁နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ်သတင်းစကားလက်ကမ်း စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ကျော်သူရ