ကျောက်ဖြူ ဒီဇင်ဘာ ၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်း သား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေကတ်ပြားများထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်/မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများ က အဆိုပါကျောင်းသို့သွားရောက်၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးခဲ့သည်။
ပန်းခင်းစီမံချက်ဖြင့် မွေးရာပါနိုင်ငံသားများနှင့် ဉပဒေအရ နိုင်ငံသားများအား ဉပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုးကို ရရှိရေးအတွက် ကွင်း ဆင်းဆောင်ရွက်ပေးလျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီဝမ်၏ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦး ဦးဆောင်သည့် ဝန်ထမ်းများကကျောက်ဖြူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသေးသည့် ကျောင်းသား ၄၂ ဦးနှင့် ကျောင်းသူ ၅၈ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြုလုပ်ပေးခဲ့သည်။
ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်နေမှုအား ကျောက်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဉက္ကဌ ဦးမျိုးမင်းထွဏ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူး တင်အောင်ကျော် နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)