သရက်မြို့၌ မွေးကင်းစမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်

သရက် ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ မွေးကင်းစမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊  ဆေးတိုက်ကျွေးခြင်းများကို သရက်မြို့အနောက် မြောက်ပိုင်း ရပ်ကွက် မင်းတုန်း ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွက် ကျန်းမာရေးဝန်ထမ်းများမှ ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အသက်(၂)လသားအရွယ် ကလေးငယ်များတွင် ဖြစ်ပွားတတ်သည့် ပြင်းထန် ဝမ်းပျက် ဝမ်းလျော၊  ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံစို့၊ ကြက်ညှာ၊ အသည်းရောင်အသားဝါ ကာကွယ်ဆေး(ပထမအကြိမ်)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံစို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် ကာကွယ်ဆေး(ပထမအကြိမ်)၊ အသက် (၄)လတွင် ဒုတိယအကြိမ်၊ အသက် (၆)လတွင် တတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး အသက် (၉)လ အရွယ်တွင် ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး (ပထမအကြိမ်)နှင့် အသက် တစ်နှစ်ခွဲအရွယ်တွင် ဆုံစို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်) ကာကွယ်ဆေးများကို (စတုတ္တအကြိမ်)နှင့်ဝက်သက်၊ဂျိုက်သိုး ကာကွယ်ဆေးများကို(ဒုတိယအကြိမ်) ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမားရေးဦးစီးဌာနမှ သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)