နတ်မောက်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့စဉ်ပြုလုပ်ပေးလျက်ရှိ

နတ်မောက်   ဒီဇင်ဘာ        ၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများ နှင့် အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့်မြို့နယ်ဦးစီးမှုးရုံးတွင် နေ့စဉ်ပြုလုပ်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် နိုဝင်ဘာလ(၃၀)ရက်နေ့က နတ်မောက်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ ကျေးရွာ များမှနိုင်ငံသားစိစစ်ရေးကတ်များလာရောက်ပြုလုပ်ကြရာတွင် ၃(က)ဖြင့်ပြုလုပ်သူ ကျား(၁)ဦး၊ မ(၁)ဦး၊ ၆(က)ဖြင့်ပြုလုပ်သူ ကျား(၇)ဦး၊ မ(၄)ဦး၊ လဲလှယ်သူ ကျား(၂၄)ဦး၊ မ(၂၁)ဦး၊ မိတ္တူကျား(၁၂)ဦး၊ မ(၄)ဦး စုစုပေါင်း (၇၄)ဦးအား ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ရပ်ကွက် (၇) ရပ်ကွက်၊ ကျေးရွာပေါင်း (၂၃၄) ရှိပြီး အဆိုပါရပ်ကွက်/ကျေးရွာများရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို  မတ်လ ( ၃) ရက်နေ့မှ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ  နိုင်ငံသားစိစစ်ရေးကတ် စုစုပေါင်း (၃၈၇၁)ဦး၊ အိမ်ထောင်စု လူဦးရေစာရင်း(၈၀၅)ဦး ပြုလုပ်ပေးပြီးဖြစ် ကြောင်း မြို့နယ် လ ဝ က ဦးစီးမှူး ဦးမျိုးတင့်ထံမှ သိရသည်။

သင်းသင်းမြတ်(နတ်မောက်)