ရေဦး ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတွင် မြို့နယ်တွင်းရှိ ကိုယ်၀န်ဆောင်မိခင်နှင့် ကလေးများအား လစဉ်ပုံမှန် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီကအဆိုပါဌာန၌ ကာကွယ်ဆေးများ အခမဲ့ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့ပေါ်ငါးရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၂ အုပ်စုမှ ကိုယ်၀န်ဆောင်မိခင် ၂၀၀ ဦးနှင့် ကလေး ၆၃၀ ဦးခန့် ကာကွယ်ဆေး လာရောက် ထိုးနှံခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)