နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Online စနစ်ဖြင့် မြေပြိုဘေးအန္တရာယ် အများပြည်သူ အသိပညာပေး (Talk Show) ကျင်းပ

နမ္မတူ ဒီဇင်ဘာ ၁

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် မြေပြိုဘေးအန္တရာယ် အများပြည်သူအသိပညာပေး (Talk Show) ကို ယနေ့နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပခဲ့သည်။

ရှေ့ဦးစွာ အသိပညာပေး (Talk Show) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက Online စနစ်ဖြင့် မြေပြိုဘေးအန္တရာယ် အကြောင်း အများပြည်သူအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ခံဒေါ်မြတ်သူနှင်းက မြေပြိုခြင်းအတွက် ကြိုတင်ပြင်ဆင်ရန် နည်းလမ်းများ၊ မြေပြိုမှုဖြစ်ပေါ်နေချိန်တွင် ဆောင်ရွက်ရန် အချက်များ၊ မြေပြိုမှုဖြစ်ပွားပြီးချိန်တွင် ဆောင်ရွက်ရန်အချက်များ  စသည့်အကြောင်းအရာများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်များကို မြို့နယ် တွင်းရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်း၍ အများပြည်သူတို့သိသင့် သိထိုက်သည့်အကြောင်းအရာများဖြင့် လစဉ်ရိုက်ကူး ထုတ်လွှင့်ပြသ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းထံ က သိရသည်။

လူမော် (ပြန်/ဆက်)