အမြို့မြို့အနယ်နယ်သတင်းများ

Dec 12,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်း အတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်တွင် ယနေ့နံနက် (၉:၀၀) နာရီ အချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (Sinovac)ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း (၁၁၂)ဦးကို ၎င်းဒုတိယ အကြိမ် ကာကွယ်ဆေး(Sinopharm)ထိုးနှံ သူစုစုပေါင်း (၃၅၅) ဦးကို ၎င်းအသီးသီး ထိုးနှံပေးခြင်းများကို ဆောင်ရွက် ခဲ့ပါသည်။
Dec 12,2021
မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်ကြတဲ့ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးရရှိစေရန်နှင့် နိုင်ငံသား အရည်အချင်းပြည့်မှီသူများအတွက် ရည်ရွယ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ လူဝင်မှု ကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် များတွင် ၂၀၂၁ခုနှစ် မေလ(၃)ရက်နေ့မှ ၂၀၂၂-ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။
Dec 12,2021
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဇော်ဦးစီးပြီး ဆိပ်ကြီး၊ ဦးမြ၊ ငါးစင်ရပ်ကွက်၊ ဦးမြဓမ္မာရုံ၌ ယမန်နေ့နံနက် (၁၀) နာရီက ရပ်ကွက်နေပြည်သူများအား "ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်ပေးနေမှုအပေါ် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး နိုင်-၃(က) ကိုင်ဆောင်သူ (၁၁) ဦးနှင့် နိုင်၆(က)ကိုင်ဆောင်သူ(၅၁)ဦး၊ စုစုပေါင်း(၆၂)ဦးအား နိုင်ငံသား စီစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။
Dec 12,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးခြင်းကို ခေတ်အေးကျေးရွာ၌ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 11,2021
ကရင်ပြည်နယ်၊ ဘားအံမြို့၏ ကျက်သရေဆောင် သေဌမာရ်အောင်ဘုရားကြီး၌ တတိယအကြိမ်မြောက် ဆင်ယင်ကျင်းပ ပြုလုပ်သည့် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ယနေ့ မွန်းတည်း ၁၂ နာရီခန့်က အဆိုပါဘုရားကြီး၏ ဂန္ဓကုဋိတိုက်ပရဝုဏ်အတွင်း၌ ကျင်းပသည်။
Dec 11,2021
ယခင်အစိုးရလက်ထက်က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော တိုးချဲ့မြေနေရာများနှင့် ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
Dec 11,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ စီစဉ်မှုဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာအုပ်စု၊ ဟိုကျင်းအားခါ(ခရီးသွားကျေးရွာ)၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်း ဆိုင်ရာ အသိပညာပေး သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။