Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လိပ်သိုမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား အများပြည်သူ သိရှိနိုင်စေရန် အသိပညာပေးလှည့်လှည်နှိုးဆော်
Dec 11,2021
ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအားအများ ပြည်သူ သိရှိနိုင်စေရန် ယနေ့နံနက်ပိုင်းက လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကျောင်းကုန်း ကျေးရွာသို့ သွားရောက်၍ အသိပညာပေး လှည့်လည် နှိုးဆော်မှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့တွင် ဒီဇင်ဘာအားကစားလှုပ်ရှားမှု ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်
Dec 11,2021
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ဒီဇင်ဘာ အားကစားလှုပ်ရှားမှု လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၆ နာရီခန့်က အမှတ်(၄)ရပ်ကွက်ရှိ သီရိကွင်း၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်
Dec 11,2021
မြို့မစည်ပင်သာယာဈေးရှိ ဈေးသူဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေး အန္တရာယ်ကြုံ တွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မီးဘေးကြိုတင် ကာကွယ်ရေး ဇာတ်တိုက် သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က တောင်တွင်းကြီးမြို့နယ်စည်ပင် သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဆင့်ပွား သင…
Dec 11,2021
နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီမှ ကြီးမှူး ကျင်းပသည့် နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဆင့်ပွားသင်တန်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ဒက္ခိဏခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုး၊ နေပြည်တော် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ တက် ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (NCD) ရောဂါရှာဖွေရေးနှင့်ကုသရေး လုပ်ငန်းများဆောင် ရွက်ပေး
Dec 11,2021
ပြည်သူလူထုအတွင်း မကူးစက်နိုင်သော ရောဂါများဖြစ်ပွါးမှုကြောင့် အရွယ်မတိုင်ခင်သေဆုံးမှုများကို လျော့ချနိုင်ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ပြည်သူ့ ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်မျိုးမြတ်၏ လမ်းညွှန်မှုဖြင့် မြို့နယ်ဌာန ဆိုင်ရာရုံးများသို့ (NCD) ရောဂါရှာဖွေရေးနှင့် ကုသရေး လုပ်ငန်းများကို အလှည့်ကျဆောင်ရွက်ပေးနေကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် ဆေးရောင်ခြယ် ပြိုင်ပွဲပြုလုပ်
Dec 11,2021
ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ အနေဖြင့် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချ တတ်ရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊ ကိုယ်ပိုင်တီထွင် တတ်သည့် အတွေးအခေါ် များ ရှိစေရန်၊ စာကြည့်တိုက် ကို အသုံးပြုတတ်စေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ယနေ့မွန်းလွဲ (၁)နာရီ အချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ တိုင်းရင်းသားရိုးရာဂျပ်ခုတ်နည်းများသင်ကြားပို့ချပေး
Dec 11,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ မြန်မာ့လက်ရက်ထည်များအပြင် တိုင်းရင်းသားရိုးရာဂျပ်ခုတ်နည်းပညာရပ်များ သင်ကြားပို့ချပေးခြင်းဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန်ရည်ရွယ်၍ တိုင်းရင်းသားရိုးရာဂျပ်ခုတ်နည်းကို နိုဝင်ဘာလ ၁၅ရက်မှစတင်ပြီး သင်တန်းဖွင့်လှစ်၍ သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန်တုံမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်
Dec 11,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနမှကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ဖြင့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအကောင်ထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23796
Page
23797
Page
23798
Page
23799
Current page
23800
Page
23801
Page
23802
Page
23803
Page
23804
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department