အမြို့မြို့အနယ်နယ်သတင်းများ

Dec 11,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ စီစဉ်မှုဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာအုပ်စု၊ ဟိုကျင်းအားခါ(ခရီးသွားကျေးရွာ)၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာပေး သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။
Dec 11,2021
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြည် သူ့စာကြည့်တိုက်တွင်ကျောင်းသား/သူများနှင့်ကလေး ငယ်များ အတွက် အသိပညာပေးဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ် များကိုရိုက်ကူး၍မြို့ နယ်ပြည်သူ့စာကြည့်တိုက် Page တွင်တင်ဆက် ပေးလျက်ရှိသည်။
Dec 11,2021
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်တားဆီးရေး ဆိုင်ရာအချက်များကို ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ဥတ္တရခရိုင ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ​​ရေးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့​ကြသည်။
Dec 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ညနေ (၃)နာရီက စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
Dec 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ် မီးသတ်ဦးစီး ဌာနနှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Dec 11,2021
မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ် ရှမ်းရွာကြီးကျေးရွာတွင် ဆောင်းရာသီသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ပေါ်ဦးပေါ်ဖျား​ စျေးကောင်းလည်းရသဖြင့် သီးနှံစိုက်ပျိုးသူတောင်သူများ မိသားစုအပိုဝင်ငွေများရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
Dec 11,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနက စပါးသီးနှံ (GAP) စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ လက်မှတ်ရရှိရေး ပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က မောင်းလှော်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 11,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေးအသိပညာပေး  နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းကကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။