ကြည့်မြင်တိုင် ဒီဇင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဇော်ဦးစီးပြီး ဆိပ်ကြီး၊ ဦးမြ၊ ငါးစင်ရပ်ကွက်၊ ဦးမြဓမ္မာရုံ၌ ယမန်နေ့နံနက် (၁၀) နာရီက ရပ်ကွက်နေပြည်သူများအား "ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်ပေးနေမှုအပေါ် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး နိုင်-၃(က) ကိုင်ဆောင်သူ (၁၁) ဦးနှင့် နိုင်၆(က)ကိုင်ဆောင်သူ(၅၁)ဦး၊ စုစုပေါင်း(၆၂)ဦးအား နိုင်ငံသား စီစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။