Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျိုက်မရော၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်
Dec 12,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ရောဂါဖြစ်ပွား လျော့နည်းကျဆင်းစေရေး အသိပညာပေး နှိူးဆော်ခြင်းများကို ယနေ့ညနေ က ကျိုက်မရောမြို့ပေါ်ရှိ လူစည်ကားရာ လမ်းဆုံလမ်းဝများ၌ လှည့်လည် အသိပေး နှိုးဆော်မှုများကို အရှိန်အဟုန်မြင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ အသိပေးကြေငြာချက်များကို အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်
Dec 12,2021
မွန်ပြည်နယ် ရေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းမှုရှိသော်လည်း လျင်မြန် ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် ကျန်မာရေးဝန်ကြီးဌာန၏ အသိပေး ကြေငြာချက်များကို အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကြီးအောင်ရပ်ကွက်၌ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community centre) ခန်းမ၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူး အသိပညာပေး (Talk Show) ဆွေးနွေးပွဲနှင…
Dec 12,2021
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများကို စနစ်တကျ လိုက်နာကာ စာကြည့်တိုက် သို့လာရောက်သူ ပြည်သူများအား စာအုပ်စာစောင်များ(အခမဲ့) ငှားရမ်းပေးလျက်ရှိသည့်အပြင် online မှတဆင့်ပြည်သူများ အသိပညာရရှိစေရန်လည်း ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅) မြို့နယ်၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး…
Dec 12,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅) မြို့နယ်၏ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးခဲ့သော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်လုံမြို့၌ ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 12,2021
ပန်းခင်းစီမံချက်အရ နိုင်ငံသားတိုင်း ကိုင်ဆောင်ခွင့်လက်မှတ် တစ်မျိုးမျိုးရရှိရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုပန်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးမော် ဦးဆောင်၍ ပန်လုံမြို့ရုံးဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဒေသခံ တိုင်းရင်းသားများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောက်တံခါးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရန် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ
Dec 12,2021
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း/ခရိုင် ဌာနဆိုင်ရာများနှင့်အတူ ကျောက်တံခါးမြို့နယ်သို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စျေးဆိုင်ခန်းများနှင့် နေအိမ်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Dec 12,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေး စနစ်တကျ ဆောင်ရွက်ထားရှိနိုင်ရေးအတွက် မြို့မစျေးအတွင်းစျေးဆိုင်ခန်းများနှင့် မြို့ပေါ်ရပ်ကွက်နေအိမ်များသို့ မီးဘေး လုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး
Dec 12,2021
ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ ပြည်သူများမီးသုံးစွဲရာတွင် ပေါ့ဆမှုမရှိစေရေးအတွက် မွန်ပြည်နယ်၊ ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ ပြည်သူများမီးသုံးစွဲရာတွင် ပေါ့ဆမှု မရှိစေရေးအတွက် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23794
Page
23795
Page
23796
Page
23797
Current page
23798
Page
23799
Page
23800
Page
23801
Page
23802
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department