Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်းဘူး(စကု)မြို့နယ် ဗုဒ္ဓရုပ်ပွားတော်ဆစ်ဆူဖြစ်သာ သမုဒ္ဒဂီရိမြစေတီတော်မြတ်ကြီးအား ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများလာရောက်ဖူးမြော်
Dec 12,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အောက်ကျောင်းကျေးရွာရှိ မြတ်ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို ဌာပနာ၍ တည်ထားသော သာသနာ့သမိုင်းဝင် သမုဒ္ဒဂီရိမြ စေတီတော်မြတ်ကြီးအား အခြားစေတီများ နည်းတူ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖူးမြော်ကြည်ညိုခွင့်ပြုထား သောကြောင့် အဖိတ်၊ ဥပုသ်နေ့များနှင့် စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်များတွင် ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများ လာရောက် ဖူးမြော်လျက် ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအကြောင်း သိကောင်းစရာ နံရံကပ်စာစောင် ပြသ
Dec 12,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှေ့ မြေစိုက် နံရံကပ်ပြဘုတ်တွင် ကလေးအလုပ်သမား လျှော့နည်းပပျောက်ရေးအကြောင်း သိကောင်းစရာ နံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာ ရမည့် အချက်များနှင့် ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန် ရောဂါအ…
Dec 12,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာရမည့် အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်း အသိပညာပေးနှိုးဆော် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့၌ ကြက်သွန်နီ ဝင်ရောက်မှု နည်းသော်လည်း ဈေးနှုန်းမြင့်တက်ခြင်းမရှိ
Dec 12,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ ပွဲရုံများသို့ ကြက်သွန်နီ ဝင်ရောက်မှု နည်းနေသေးသော် လည်း ဈေးနှုန်းများ မြင့်တက်ခြင်း မရှိသေးဘဲ ပွဲရုံဝယ်ဈေးကျပ် ၂၅၀၊ ၃၀၀ ဖြင့်သာ ဈေးတည်ငြိမ်နေကြောင်း မင်းဘူးမြို့ အမှတ်(၄) ပွဲရုံပိုင်ရှင် ဒေါ်လဲ့ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြခြင်း ဆောင်ရွက်
Dec 12,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစား ပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြခြင်းကို ယမန်နေ့ နံက်ပိုင်းက အ.ထ.က ပေကုန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုံပါကျင်မြို့၊ ဟွေအောကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်
Dec 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် နိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေနိုင်ရေးအတွက် ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို ယမန်နေ့က ပုံပါကျင်မြို့၊ ဟွေအောကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်၌ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေးကို မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်
Dec 12,2021
လွိုင်ကော်မြို့ နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမိုသိရှိလိုက်နာနိုင်ရေးနှင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေးကို မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်မှုများအား ရပ်ကွက်များ၊ ကျေးရွာများနှင့် လူစည်ကားရာနေရာများတွင် မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသံချဲ့စက်များ၊ လက်ကိုင်စကားပြော အသံချဲ့စက်တို့ဖြင့် သတိပေး နှိုးဆော်မှုများကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့က နေ့စဉ်ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း လွိုင်ကော်မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ဒီဇင်ဘာ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲကျင်းပ
Dec 12,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် ၂၀၂၁ ခုနှစ်ဒီဇင်ဘာလ လူထုလမ်း လျှောက်ပွဲနှင့် အားကစားပြိုင်ပွဲကို ယမန်နေ့ နံနက် ၆ နာရီက ရှမ်းပြည်နယ်၊ ပြည်နယ်အားကစားကွင်းအတွင်း၌ ကိုဗစ်-၁၉စည်းကမ်းချက်နှင့်အညီ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23793
Page
23794
Page
23795
Page
23796
Current page
23797
Page
23798
Page
23799
Page
23800
Page
23801
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department