အမြို့မြို့အနယ်နယ်သတင်းများ

Dec 12,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်(က)ရပ်ကွက်တွင် အောင်မြင်သာယာပရိယတ္တိစာသင်တိုက် ဆရာတော် များ၊ စာချဆရာတော်များနှင့် ကျောင်းအကျိုးတော်ဆောင်များ ဦးဆောင်မှုနှင့် အများဒကာများ စုပေါင်းလှူဒါန်းမှုဖြင့် ဖောက်လုပ်ထားသော အောင်မြင်သာယာကျောင်းလမ်းကို ပြီးစီးပြီးဖြစ်၍ ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းပေါ်၌ ဆောင်ရွက်ခဲ့သည်။
Dec 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော် မူသော မေရုဒကုန်းတော်ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် ဆံကေသာဓာတုရွှေဆံတော် စေတီတော်မြတ်ကြီးအား ရဟန်းရှင်၊ လူပြည်သူအများ စိတ်အေးချမ်းသာစွာ ဘုရားဖူး နိုင်စေရန်အတွက် တွံတေးမြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းကို ယနေ့ နံနက် ၈ နာရီက အဆိုပါ စေတီတော်မြတ်ကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 12,2021
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ တိုးတက် မြင့်မားလာစေရေးနှင့် သွားလာရေးအဆင်ပြေစေရန်ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ကွီးကျယ်-ထီးပရီး-မဲပရခီး ကျေးရွာချင်းဆက် မြေသားလမ်း (၃)မိုင် ဖောက်လုပ် ခြင်း လုပ်ငန်းကို နို၀င်ဘာလ ၁၅ ရက်နေ့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအား ဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်အောင်နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့က ပကောက်ကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Dec 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကျောင်းသား/သူများ ကိုဗစ်ရောဂါကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်စေရန်နှင့် ကျန်းမာပျော်ရွှင်စွာဖြင့် ပညာများသင်ကြားနိုင်စေရန် ယမန်နေ့နံနက်ပိုင်းက မော်လိုက်မြို့၊ အခြေခံပညာ အထက်တန်း ကျောင်း စုံညီခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
Dec 12,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် (၂၀၂၁-၂၀၂၂) ခုနှစ် မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယနေ့နံက်(၁၀) နာရီခွဲက တောင်နောက်ကျေးရွာအုပ်စု၊ တောက်နောက်ကွင်း ၊ ကွင်းအမှတ်(၁၄၆)၊ ဦးပိုင် အမှတ် (၁၆/၂) တောင်သူ ဦးမိုဟာမတ် စိုက်ပျိုးထားသော ဧရာမင်းမိုးစပါး (၀.၆၀) ဧကတွင် စံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Dec 12,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် အောက်ဆီဂျင် လိုအပ်သော အခြားလူနာများအား ထောက်ပံ့ပေးနိုင်ရန်အတွက် တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ လီတာဆံ့ အိုးအလုံးရေ ၁၂၀ခန့်ထုတ်နိုင်သည့် အောက်ဆီဂျင်စက်ရုံကို မြို့သစ်မြို့နယ် ပုလင်းကြီး ကျေးရွာအနီး၌ တည်ဆောက်လျက်ရှိရာ (၉၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။