Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ငပုတောမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီစပါးစိုက်ပျိုးစရိတ်ချေးငွေ ဆက်လက်ထုတ်ချေးပေး
May 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ် ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ မေလ ၂ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်မှစတင်၍ ဆက်လက် ထုတ်ချေးပေးနေလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ
May 25,2022
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထား သိရှိနားလည်နိုင်စေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက်(၈)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီး၊ ရွာသာကြီး(အရှေ့ကွင်း) သစ်တောဝင်းအတွင်း၌ ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို စုပေါင်း သစ်ပင် စိုက်ပျိုးပွဲတော်အား ကျင်းပကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့နယ်၊ ကော်တုံကျေးရွာ ယာယီမြေထိန်းနံရံ ပြုလုပ်ဆောင်ရွက်ရန်အတွက် ငွေကျပ် သိန်း၇၀ ထောက်ပံ့ပေးအပ်
May 25,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကော်တုံကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းနှင့် သာသနိကအဆောက်အဦများ၊ စေတီပုထိုးများ၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် ကျေးရွာလူနေအိမ်များ ရွှေစမ်းချောင်း၊ ချောင်းရေတိုက်စားခြင်းအန္တရာယ်မှ ကာကွယ်ဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၅ ရက် နေ့လယ်၁၁ နာရီခွဲအချိန်က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
May 25,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ရှိ မဟာမြို့လှကျောင်းတိုက်တွင် ဗုဒ္ဓဘာသာ အခြေခံသင်တန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါမဟာမြို့လှကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းဖွင့်ချိန်အကြို ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်သည့် လုပ်ငန်းများ ဆောင်ရွက်…
May 25,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်ရှိ ကျောင်းများပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနေချိန်တွင် ကျောင်းပါတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး နှင့် ကျောင်းသား / ကျောင်းသူများ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်သည့် လုပ်ငန်းများကို ယနေ့ နံနက် (၇) နာရီတွင် ပုဇွန်တောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ အ.ထ.က (၂) ကျောင်းဝင်းတွင် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့တွင် ခရိုင်အဆင့် မိခင်သေဆုံးခြင်း၊ ကလေးသေဆုံးခြင်း ပြန်လည်ဆန်းစစ်ခြင်းနှင့် မွမ်းမံသင်တန်း ဖွင့်လှစ်
May 25,2022
ပဲခူးခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းအချိန်က ခရိုင်အဆင့် မိခင်သေဆုံးခြင်း၊ ကလေးသေဆုံးခြင်း ပြန်လည် ဆန်းစစ်ခြင်းနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ဒေသခံတောင်သူများအား မိုးသီးနှံစိုက်ပျိုး စရိတ်ချေးငွေ စတင်ထုတ်ချေးပေး
May 25,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၂ - ၂၀၂၃ ခုနှစ် ၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့်အခြားသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မေ ၂၄ ရက် ၊ နံနက်ပိုင်းကစတင်ပြီး တောင်သူများ လက်ဝယ်အရောက် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံဘဏ်မန်နေဂျာ ဦးစန်းသော်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေး ဆောင်ရွက်
May 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင် မြို့နယ်အတွင်းရှိ ဆေးဝါးပစ္စည်း ရောင်းချလျက်ရှိသော ဆေးအရောင်းဆိုင်များအား မြို့နယ်အတွင်းရောင်းချလျက်ရှိသည့် အများပြည်သူ သုံးစွဲရန်မသင့်သော အာရှရွှေကြယ် အဆစ်အမြစ်ရောင်ရောဂါ သောက်ဆေးနှင့် တရုတ်ဆေး ရသေ့ဆေး(သို့မဟုတ်) ထိုင်းဗိန်းတောတိုင်းရင်းဆေးနှင့် ပတ်သက်၍ လိုက်လံစစ်ဆေးခြင်းကို ယနေ့ မွန်းလွဲ (၂)နာရီအချိန်က မြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဆေးပစ္စည်းအရောင်းဆိုင်များအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20501
Page
20502
Page
20503
Page
20504
Current page
20505
Page
20506
Page
20507
Page
20508
Page
20509
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department