ဆိပ်ဖြူမြို့နယ်၊ ကော်တုံကျေးရွာ ယာယီမြေထိန်းနံရံ ပြုလုပ်ဆောင်ရွက်ရန်အတွက် ငွေကျပ် သိန်း၇၀ ထောက်ပံ့ပေးအပ်

ဆိပ်ဖြူ မေ ၂၅

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကော်တုံကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းနှင့် သာသနိကအဆောက်အဦများ၊ စေတီပုထိုးများ၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် ကျေးရွာလူနေအိမ်များ ရွှေစမ်းချောင်း၊ ချောင်းရေတိုက်စားခြင်းအန္တရာယ်မှ ကာကွယ်ဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၅ ရက်‌ နေ့လယ်၁၁ နာရီခွဲအချိန်က  မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ပြုလုပ်သည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ကော်တုံကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းနှင့် သာသနိကအဆောက်အဦးများ၊ စေတီပုထိုးများ၊ အခြေခံပညာအလယ်တန်းကျောင်းနှင့်  ကျေးရွာလူနေအိမ်များအား ကျေးရွာ၏အရှေ့ဘက်မှ တောင်မြောက်စီးဆင်းနေသည့် ရွှေစမ်းချောင်း ချောင်းရေတိုက်စားခြင်းအန္တရာယ်မှ ကာကွယ်ဆောင်ရွက်နိုင်ရန် ငွေကျပ်သိန်း၇၀ကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်အေးနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဒေါ်ယဉ်နွယ်ဦးတို့က  ကော်တုံကျေးရွာ ချမ်းသာကြီးကျောင်း ဆရာတော် ဦးနန္ဒကနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းထောက်ပံ့ပေးခဲ့သည်။ 

အဆိုပါချောင်းရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းကို သက်ဆိုင်ရာဌာနများ၏ နည်းပညာများရယူ၍ ယာယီမြေထိန်းနံရံဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 

စိုးလင်းနိုင်(IPRD)