ပဲခူးမြို့တွင် ခရိုင်အဆင့် မိခင်သေဆုံးခြင်း၊ ကလေးသေဆုံးခြင်း ပြန်လည်ဆန်းစစ်ခြင်းနှင့် မွမ်းမံသင်တန်း ဖွင့်လှစ်

ပဲခူး မေ ၂၅

ပဲခူးခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းအချိန်က ခရိုင်အဆင့် မိခင်သေဆုံးခြင်း၊ ကလေးသေဆုံးခြင်း ပြန်လည် ဆန်းစစ်ခြင်းနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေဝန်းလင်းက သင်တန်းဖွင့်အမှာ စကားပြောကြားပြီး အဆိုပါသင်တန်းအား ပဲခူးခရိုင်အတွင်းရှိ မြို့နယ် (၈) မြို့နယ်မှ ကျန်းမာရေးမှူးများ၊ မြို့နယ်သူနာပြုဆရာမကြီးများ၊ သားဖွားဆရာမနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၁၆)ဦး တက်ရောက် ကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် အထူးကုဆရာဝန်ကြီးများမှ ကလေး‌ရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးသင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ခရိုင်၊ပြန်/ဆက်)