ညောင်လေးပင် မေ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင် မြို့နယ်အတွင်းရှိ ဆေးဝါးပစ္စည်းရောင်းချလျက်ရှိသော ဆေးအရောင်းဆိုင်များအား မြို့နယ်အတွင်းရောင်းချ လျက်ရှိသည့် အများပြည်သူ သုံးစွဲရန်မသင့်သော အာရှရွှေကြယ် အဆစ်အမြစ်ရောင်ရောဂါ သောက်ဆေးနှင့် တရုတ်ဆေးရသေ့ဆေး (သို့မဟုတ်) ထိုင်းဗိန်းတော တိုင်းရင်းဆေးနှင့် ပတ်သက်၍ လိုက်လံစစ်ဆေးခြင်းကို ယနေ့ မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဆေးပစ္စည်းအရောင်းဆိုင် များအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ အများပြည်သူ သုံးစွဲရန်မသင့်သော အာရှရွှေကြယ် အဆစ်အမြစ်ရောင်ရောဂါ သောက်ဆေးနှင့် တရုတ်ရသေ့ဆေး (သို့မဟုတ်) ထိုင်းဗိန်းတော တိုင်းရင်းဆေးနှင့် ပတ်သက်၍ လိုက်လံစစ်ဆေးရာတွင် ပြည်သူများသုံးစွဲရန်မသင့်သည့် ဆေးဝါးများအား၊ နေ့စဉ်ထုတ်သတင်းစာများတွင် အသိပေးကြေညာ ထားပြီးဖြစ်ရာ အဆိုပါ ဆေးဝါးများအား စျေးကွက်အတွင်း၊ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေမှုများ ရှိ/ မရှိနှင့် အများပြည်သူ ကျန်းမာရေးကို ရှေ့ရှု၍ အရေးယူဆောင်ရွက်နိုင်ရေး မြို့နယ်တိုင်းရင်းဆေးကုဌာန လက်ထောက်တိုင်းရင်ဆေးမှူးမှ ဦးဆောင်၍ လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်