အမြို့မြို့အနယ်နယ်သတင်းများ

May 25,2022
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ တောင်ငူတက္ကသိုလ်တွင် ၂၀၂၂ ပညာသင်နှစ် အဝေးသင် သင်တန်း နောက်ဆုံးနှစ် အင်္ဂလိပ်စာအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဘွဲ့နှင်းသဘင် ခန်းမဆောင်တွင် ကျင်းပသည်။
May 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က လူမှုဝန်ထမ်းရုံး၌ လူမှုရေးရာအသိပညာပေးသင် တန်းဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
May 25,2022
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (AstraZeneca) ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက်
May 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက သရက်ချောင်း မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 25,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီတွင် စာရေးဆရာ"ကျော်ဇောနိုင်"ရေးသားသည့် “ဆရာဟူသည်” စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
May 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မြို့ထိပ်စစ်ဆေးရေးဂိတ်၌ ယနေ့နံနက်ပိုင်းက ခရီးသွားပြည်သူများအား နှာခေါင်းစည်း mask များ ဖြန့်ဝေပေးခဲ့ကြသည်။
May 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဟွေးကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ အားနယ်လှည့်ဆေးကုသမှုပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီက ဟွေးကျေးရွာ ဘုန်းကြီး ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 25,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အေးချမ်းစွာ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီ ခွဲအချိန်ခန့်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။