မိုင်းကိုင်မြို့နယ်၊၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မိုင်းကိုင် မေ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့မနက် ၉ နာရီက အ.ထ.က(မြတ်သီရိခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြန်မာ့ကြွေးကြော်သံသီချင်းဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်း အပ်နှံရေးနေ့အခမ်းအနားကို ကြိုဆိုဂုဏ်ပြုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက ကျောင်းနေရွယ်ကလေးများအားလုံး စာသင်ကျောင်းသို့အချိန်မီ ရောက်ရှိပညာသင်ကြားနိုင်ရေး၊ မျိုးဆက်သစ်လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေး ဆရာ/ဆရာမ များနှင့်မိဘပြည်သူများပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါအန္တရာယ်ကင်းဝေးရေး ကျောင်းသားကျောင်း သူများအားလုံးကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံနိုင်ရေးကြပ်မတ်ဆောင်ရွက်ရန်၊ ကျောင်းသားကျောင်းသူများ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ကိန်းအောင်းစေရေး သွန်သင်ပေးသွားကြရန်စသည်ဖြင့် အကျယ်တဝင့်မှာကြားပြီးနောက် မြို့နယ်ပညာရေးမှူး ဦးခင်မောင်ကိုက မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသော တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများအား ကျောင်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက ကျောင်းအပ်နှံနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းအပ်နှံရေးနေ့ဆိုင်းဘုတ်ရှေ့တွင် စုပေါင်းမှတ်တမ်းပုံများရိုက်ကူးကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ကို ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)