ကန့်ဘလူ မေ ၂၆
တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ပုံမှန်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ သက်ဆိုင်ရာ ကျောင်းများအလိုက် အခြေခံပညာသင်ယူနိုင်ရေးအတွက် ကျောင်းသူ၊ ကျောင်းသားများကို စတင်လက်ခံနေပြီ ဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများဖြစ်သော အထက(၁)၊ အထက(၂)၊ အထက(ခွဲ)ညောင်အိုင်၊ အလက (၅)၊ အလက( ၁)၊ အမက(၂) မူလွန်ကျောင်းနှင့်အမက(၄) ကျောင်းများတွင် ယနေ့နံနက် ၉ နာရီအချိန်က စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် အခြေခံပညာသင်ယူခွင့်ရရှိစေရန် ယခုနှစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်သတ်မှတ်၍ နေ့စဉ်နံနက် ၉ နာရီမှ ၁၂ နာရီထိ ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)