ရှမ်းရွာသစ် မေ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် "ကျောင်းနေ အရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ "ဆောင်ပုဒ်နှင့်အညီ ကျောင်း အပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
ရှမ်းရွာသစ်မြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းနှင့် အထက်တန်းကျောင်းများ၌ KGတန်းမှ GRADE–11အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာမများမှ ကျောင်းသား/သူများအား ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ခဲတံ၊ ဘောပင် ဗလာစာအုပ်များအပြင် သူငယ်တန်းမှ ပဉ္စမတန်းအထိ ကျောင်းဝတ်စုံ (၁)စုံတို့ကိုနိုင်ငံတော်မှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ အခကြေးငွေ တစ်စုံတစ်ရာကောက်ခံခြင်း မရှိကြောင်း၊ မေ(၂၆)ရက်မှ ဇွန်(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်ဇွန်(၂)ရက်မှစတင်ကာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)