မရမ်းကုန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှု ဖြစ်ပွား

မရမ်းကုန်း  မေ  ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်()ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားအနီး၊ ကျောက်တော်ကြီးလမ်းတွင် ယမန်နေ့ည (၁၀:၂၀)အချိန်ခန့် က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါသစ်ပင်လဲကျမှုဖြစ်ပွားသည့်နေရာသို့ မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ()စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်လျက်ရှိရာ ၁၀:၅၅ နာရီအချိန်တွင် လုပ်ငန်းများဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)