အမြို့မြို့အနယ်နယ်သတင်းများ

May 27,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုလက်ခံခြင်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 27,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် အသက်(၄၀)အထက် ပြည်သူများအား တတိယအကြိမ် Booster အပိုဆောင်းကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းတွင်ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကျေးရွာများအရောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
May 27,2022
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Covid Shield) ကို ၂၂၁ ဦး၊ Covixinကို ၇ ဦး၊ First Dose၊ Second Dose ထိုးနှံပြီးသည့် အသက် ၁၈ နှစ်နှင့် အသက် ၁၅ နှစ်အထက် ပြည်သူများအား ( Astra Zeneca) ကာကွယ်ဆေးကို ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ယနေ့နံနက် ၉:၀၀ နာရီ က ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်းရှိ အရိယာဓမ္မာရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 27,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကလေး၊ ကလေးဝ၊ မင်းကင်းနှင့် တမူးမြို့နယ်များရှိ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ကျောင်းအပ်နှံကြစို့” ဆောင်ပုဒ်ပါဦးတည်ချက်များနှင့်အညီ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အ‌‌ခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
May 27,2022
ရန်ကုန်တိုင်းဒေသကြီး၊အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို  ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ  အခြေခံပညာ ကျောင်းများအား ယမန်နေ့မှစတင်၍ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ် လက်ခံလျက်ရှိကြောင်း သိရသည်။
May 27,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ ညနေ (၃)နာရီအချိန်က အဆိုပါ ရုံးဝန်ထမ်းများဖြင့် "စာကြည့်တိုက်နှင့်သုတပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
May 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ကျေးရွာများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ ကျေးလက်နေ ပြည်သူများ လူမှုစီးပွား ဖွံဖြိုးတိုးတက်စေရေးအတွက် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလစတင်၍ ခွင့်ပြုရန်ပုံငွေကျပ် (၃၇၄.၀၀၀)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ဘုရားကလေး၊ အဝပြန်၊ ထိုင်ကူမြစ်တန်းကျေးလက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့်ပြီးစီး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
May 27,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မေ ၂၇ ရက် ယနေ့နံနက်၈နာရီက ကျိုက်ဒုံမြို့အမှတ် ၃ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။