တနိုင်း မေ ၂၇
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ ညနေ (၃)နာရီအချိန်က အဆိုပါ ရုံးဝန်ထမ်းများဖြင့် "စာကြည့်တိုက်နှင့်သုတပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝါဦးက လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနမှသတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များကို သိရှိနားလည်ပြီး လျင်မြန်မှန်ကန်စွာ ဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ဝိုင်းဖွဲ့ဆွေးနွေးခြင်းဖြင့် အမှန်တရားရရှိပြီး ရုံးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝါဦးက "စာကြည့်တိုက်နှင့်သုတပညာ" စာအုပ်မှ ကတ်တလောက်အဓိပ္ပာယ်၊ စာကြည့်တိုက်ကတ်သလောက်ကို လည်းကောင်း၊ စာ/ထောက်-၃ ဦးဖေအောင်က “ကတ်သလောက်၏သွင်ပြင်”၊ "ကတ်ပြားအမျိုးအစား"ကို လည်းကောင်း၊ ရုပ်သံ- ၃ ဒေါ်ဂျာအောင်လုက အညွှန်းကတ်ပြားများအကြောင်း စသည်ဖြင့် စာဖတ်ဝိုင်းကို ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)