ဒဂုံ မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ အခြေခံပညာ ကျောင်းများအား ယမန်နေ့မှစတင်၍ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ် လက်ခံလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)သို့ လည်းကောင်း၊ (၆)နှစ်အရွယ် ကလေးများကို ပထမတန်း (Grade-1)သို့လည်းကောင်း အပ်နှံရမည်ဖြစ်ပြီး ကျောင်းသုံးပြ ဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ Maske နှင့် Face Shield စသည့် ပစ္စည်းများကို နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ပေးခြင်းနှင့် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုမရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရှိရသည်။
အဆိုပါကျောင်အပ်နှံရာသို့ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့ နယ်ပညာရေးမှူး ဒေါ်သင်းသင်းမြိုင်နှင့်တာဝန်ရှိသူများ စသည့်အဖွဲ့များမှ မြို့နယ်အတွင်းရှိ ကျောင်းများအား လှည့်လည် ကြည့်ရှု၍ လိုအပ်သည်များကိုဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ (၃)နာရီအထိ လက်ခံသွားမည်ဖြစ်ပြီး ဒဂုံမြို့နယ်အတွင်း အခြေခံပညာကျောင်း ထက်၊ လယ်၊ မူကျောင်း(၁၀)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း ( ၁ ) ကျောင်းရှိကြောင်း သိရှိရသည်။
မေသန္တာ