အမြို့မြို့အနယ်နယ်သတင်းများ

May 27,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တစ်မြို့နယ်လုံးရှိ အ‌‌ခြေခံပညာ ထက်၊ လယ်၊ မူကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ကျောင်းသူ/ကျောင်းသားများအား ယမန်နေ့နံနက် (၁၀)နာရီက စတင်၍ ကျောင်းအပ်နှံ လက်ခံပေးလျက်ရှိသည်။
May 27,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး သီတင်းပတ် မြို့နယ်အဆင့် အခမ်းအနားကို ယမန်နေ့နံနက် (၉:၀၀) နာရီ က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 27,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ တောင်ပြိုလက်ဝဲမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်လက်ခံခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
May 27,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရပ်ကွက်နေပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ သွားလာရေး အဆင်ပြေစေရန်နှင့် မြို့အင်္ဂါ ရပ်နှင့်အညီ အဆင့်တန်းရှိစွာ နေထိုင်သွားလာနိုင်ရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပြီးစီးခဲ့သော မုံရွာမြို့၊ အိုးဘို တောင်ရပ်ကွက်ရှိ ချင်းတွင်းလမ်း၊ အရှည် - ၇၉၅၀ ပေအား၊ အကျယ် - ၂၂ ပေ၊ ၃ လက်မထုရှိ နိုင်လွန်ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အိုးဘိုတောင် ရပ်ကွက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအနီး ချင်းတွင်းမြစ်ကမ်းပေါ်ရှိ ချင်းတွင်းလမ်းတွင် ကျင်းပရာ လမ်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။
May 27,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ် လက်ခံမှုများကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ အခြေခံပညာကျောင်း များအလိုက် လက်ခံဆောင်ရွက်လျက်ရှိရာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူများလာရောက်အပ်နှံလျက်ရှိသည်။
May 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုလုပ်ငန်းများ စတင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
May 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ဇီးပင်လှကြိုးဝိုင်းအကွက်အမှတ် ၈၇ တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန်၊ သစ်တောသစ်ပင်များ စိုက်ပျိုးခြင်းကြောင့် ဒေသတွင်းအပူချိန် လျော့ကျလာစေရန်နှင့် ဂေဟစနစ်တည်ငြိမ်လာစေရန်နှင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများမှ ရရှိခံစားနိုင်စေရန် ရည်ရွယ်၍ ပေါင်းတည်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၂ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
May 27,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုလက်ခံခြင်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။