ကျိုက်ဒုံ မေ ၂၇
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မေ ၂၇ ရက် ယနေ့နံနက်၈နာရီက ကျိုက်ဒုံမြို့အမှတ် ၃ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင်ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေကြရန်၊ ပါးစပ်နှင့် နှာ ခေါင်းစည်းတပ်ဆင်ကြရန်၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ဆိုးကြရန်၊ မိမိတို့၏နေအိမ်ပြတင်းပေါက်များကို ဖွင့်ထားကြရန်၊ လက်ကို စက္ကန့်(၂၀) ကြာ ဆေးကြောရန်၊ တက်နိုင်သမျှ အိမ်မှာနေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ မိမိကိုယ်မိမိသံသယလက္ခဏာခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကွင်းဆက်ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့်မပျက်မကွက် ခံယူကြရန်စသည့် အသိပညာပေးနှိုး ဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ပြန်/ဆက်)