ကလေးမြို့တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိနိုင်ရေး ကျောင်းအပ်နှံ ရေးနေ့အခမ်းအနားကျင်းပ

ကလေး မေ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကလေး၊ ကလေးဝ၊ မင်းကင်းနှင့် တမူးမြို့နယ်များရှိ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ကျောင်းအပ်နှံကြစို့” ဆောင်ပုဒ်ပါဦးတည်ချက်များနှင့်အညီ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အ‌‌ခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးမြင့်ဆွေမှ ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူ တတ်မြောက်မှုများ သိသာထင်ရှားစွာ တိုးတက်လာ‌ရေးကို ဦးတည်သည့် ပိုမိုတိုးတက် ကောင်းမွန်သော သင်ကြားသင်ယူမှု၊ သက်မွေးပညာ‌ရေးနှင့် လေ့ကျင့်ရေးသုသေသနနှင့် ဆန်းသစ်တီထွင်မှုများ ဖြစ်ထွန်းလာစေရေး ဟူသော ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ထားပြီး ကျောင်းနေအရွယ်ကလေးများ ရာခိုင်နှုန်းပြည့် ကျန်းမာပျော်ရွှင်စွာဖြင့် တက်ရောက် ပညာ သင်ယူနိုင်စေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ မြို့နယ်ရဲမှူး ရဲမှူးမြင့်ဝေ၊ ခရိုင်လဝကဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့် ကုတင်(၃၀၀)ဆေးရုံအုပ်ကြီး ဒေါက်တာနေလင်းတို့မှ နိုင်ငံတော်မှ အခမဲ့ပေးအပ်သည့် ပုံနှိပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ဝတ်စုံများနှင့် ပါးစပ် နှာခေါင်းစည်း (Mask) များကို ပေးအပ်ကြရာ ပညာရေးဌာနမှကျောင်းအုပ်များနှင့် တာဝန်ရှိသူ များမှ လက်ခံခဲ့ကြသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်း များနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)