ငါန်းဇွန်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုလက်ခံခြင်းများဆောင်ရွက်

ငါန်းဇွန် မေ ၂၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုလက်ခံခြင်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း(၇)ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) (၉)ကျောင်း၊ အလယ်တန်းကျောင်း (၁၀)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၁၇)ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၁၁)ကျောင်း၊ မူလတန်းကျောင်း (၇၂)ကျောင်း၊ မူလတန်းကျောင်း(ခွဲ)(၁)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၁၂၇)ကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းအပ်နှံရာတွင် ကျောင်းသား/သူများအား ဘာသာရပ်အလိုက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့်ဘောပင်တို့ကို အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)