Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ညောင်ရွှေမြို့ရှိ အခြေခံပညာကျောင်းများ၌ ခြင်ဆေးဖြန်းခြင်းနှင့် ရေတွင်းရေကန်များအတွင် ခြင်နှိမ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်
May 27,2022
အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ခြင်ပုန်းခြင်ကြားများ ခိုအောင်းပေါက်ဖွားမှုမရှိစေရေး၊ ပိုလောက်လန်းများ မပေါက်ဖွားရေးအတွက် ကျောင်းဝန်းအတွင်းရှိ ရေတွင်းရေကန်များအတွင်း လောက်လန်းနှိမ်နှင်းရေး ဆေးများခပ်ခြင်း၊ ကျောင်းစာသင်ခန်းများနှင့် ဝန်းကျင်တွင် ခြင်နှိမ်ဆေးမှုတ်ခြင်းလုပ်ငန်းများ ယနေ့ နံနက်(၉)နာရီက ညောင်ရွှေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 27,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ NGO အဖွဲ့များမှ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ ယမန်နေ့ နံနက် ၈ နာရီအချိန်က ရပ်ကွက်(၅)အတွင်းရှိ နေအိမ်များသို့ သွားရောက်ကာ အဘိတ်ဆေးများခပ်ပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးဒေသတွင် ရာသီပေါ်သီးနှံဖြစ်သည့် ဒညင်းသီးများ ပေါ်ဦးပေါ်စဈေးကောင်းရရှိ
May 27,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး ၊ကွမ်းရွက် ၊လက်ဖက် ၊ကော်ဖီ၊ ရော်ဘာများကို အသက်မွေးဝမ်းကျောင်းဖြစ် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဒညင်းသီး သည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုမေလစတုတ္ထပတ်တွင် ဒညင်းသီးများ စတင်ဆွတ်ခူးလျက်ရှိရာ ပေါ်ဦးပေါ်စဖြစ်သည့်အတွက် ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ (၂၇၈၉)ဦး လာရောက်ကျောင်းအပ်နှံ
May 27,2022
မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်ဆိုသော ပညာရေးရည်မှန်းချက်နှင့်အညီ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ (၂၆)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ သတ်မှတ်ထားရှိကာ ကျောင်းအပ်နှံမှုကို လက်ခံပေးလျက်ရှိရာ ယမန်နေ့မေလ (၂၆)ရက်နေ့တွင် ကျောင်းလာရောက်အပ်နှံသူ (၂၇၈၉)ဦး ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံကျောင်းများတွင် ကျောင်းအပ်နှံလက်ခံခြင်း စတင်ဆောင်ရွက်
May 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် အ-ထ-က ကျောင်းတွင် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းကို ယမန်နေ့နံနက် ၉နာရီအချိန်မှစ၍ လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံခြင်းများ စတင်လက်ခံဆောင်ရွက်
May 27,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် “ ကျောင်းနေအရွယ်ကလေးများ အားလုံးပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းများကို ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ) ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်ပေးလျက်ရှိရာ မိဘပြည်သူများမှ ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာကျောင်း အသီးသီးတွင် လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းပြားမြို့၌ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးကျင်းပ
May 27,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံခြင်းကို မေ ၂၆ ရက် နံနက် ၉ နာရီအချိန်က စတင်ပြီး မင်းပြားမြို့နယ်ရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
May 27,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20451
Page
20452
Page
20453
Page
20454
Current page
20455
Page
20456
Page
20457
Page
20458
Page
20459
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department