အမြို့မြို့အနယ်နယ်သတင်းများ

May 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကျွဲသောင်ကျေးရွာအုပ်စု၊ ကျွဲ‌သောင်ကျေးရွာမှ လေဘေးသင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ကျွဲ‌သောင်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။
May 27,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ယမန်နေ့နံနက်(၉)နာရီကစတင်၍ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
May 27,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူး ပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံ (၉) နာရီက ကျင်းပကြောင်းသိရသည်။
May 27,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင်  ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန် ရောဂါကူးစက်ပြန့်ပွားမှုကိုထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများတွင် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်Quiet ၈:၀၀ နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက Hand Speaker ဖြင့် လိုက်လံနိုးဆော်ခြင်းများဆောင်ရွက်ခဲ့သည်။
May 27,2022
ဘားအံမြို့နယ်ပညာရေးမှူးရုံး၊ ရုံးဆောင်သစ်နှင့် ဝန်ထမ်းအိမ်ရာ(၂)ထပ်ဆောင်ဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ တန်းမြင့်ကျောင်းလမ်းရှိ အဆိုပါပညာရေးမှူးရုံး၌ ကျင်းပသည်။
May 27,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်ပိုင်းက ကျောင်းနေရွယ်ကလေးငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 27,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကိုဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန် အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 27,2022
ကရင်ပြည်နယ်၊ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို ပြည်နယ်အဆင့်သစ်ပင်စိုက်ပွဲတော် (ဒုတိယအကြိမ်)ကို ယမန်နေ့နံနက် ၈ နာရီခန့်က ဘားအံမြို့နယ်၊ ထုံးအိုင်စံပြကျေးရွာ (Smart Village) ဘေးမဲ့ကုန်းထင်းစိုက်ခင်း(၂)ဧက၌ ကျင်းပသည်။