အမြို့မြို့အနယ်နယ်သတင်းများ

May 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများ စားဝတ်နေရေး အဆင်ပြေမှုရှိ‌စေရန်အတွက် ရည်ရွယ်၍ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအားနှစ်စဉ် ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီမှစ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို အဆိုပါဘဏ်ခွဲ၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
May 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားမည့် ဝန်ထမ်းသား/သမီးများ ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
May 27,2022
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး သီတင်းပတ် အနေဖြင့် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်း စတင်လက်ခံ လျက်ရှိရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ အမှတ်(၁)၊ အမှတ်(၃)၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
May 27,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းများကို ယမန်နေ့ နံနက် ၈ နာရီ ကစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
May 27,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိရေး အာဆီယံသပြေပန်းပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း အာဆီယံသပြေပန်းစိုက်ပျိုးရောင်းချသည့် ပြည်ပန်းကျေးရွာမှ ဦးညီညီနိုင်ကပြောပြ၍ သိရသည်။
May 27,2022
မိတ္ထီလာခရိုင်တွင် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင်အဆင်ပြေစေရန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၁၈၉ သန်းကျော်ဖြင့် ကျေးလက်ကုန်ထုတ်လမ်းသုံးလမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
May 27,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌   ၂၀၂၂-၂၀၂၃ ပညာသင်နှစ်”ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြစို့”  ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်း အခြေခံပညာကျောင်းများအားလုံး၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်းသိရသည်။