ပေါင်းတည်မြို့နယ်တွင် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုး

ပေါင်းတည် မေ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ဇီးပင်လှကြိုးဝိုင်းအကွက်အမှတ် ၈၇ တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန်၊ သစ်တောသစ်ပင်များ စိုက်ပျိုးခြင်းကြောင့် ဒေသတွင်းအပူချိန် လျော့ကျလာစေရန်နှင့် ဂေဟစနစ်တည်ငြိမ်လာစေရန်နှင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများမှ ရရှိခံစားနိုင်စေရန် ရည်ရွယ်၍ ပေါင်းတည်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၂ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မိုးသီအကြိုသစ်ပင်စိုက်ပွဲတွင် ဒေသခံပြည်သူများနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း အင်အား ၅၀ ဦးဖြင့် ကျွန်း၊ မန်ဂျန်ရှား၊ ယူကလစ်၊ ခရေ၊ ရေတမာစသည့် သစ်မျိုးအပင်၂၀၀ အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

အေးအေးဆင့်