အင်းစိန် မေ ၂၇
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ် လက်ခံမှုများကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ အခြေခံပညာကျောင်း များအလိုက် လက်ခံဆောင်ရွက်လျက်ရှိရာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူများလာရောက်အပ်နှံလျက်ရှိသည်။
အင်းစိန်မြို့နယ်အတွင်း အခြေခံပညာမူလတန်းကျောင်း (၃၀)ကျောင်း၊ အလယ်တန်းကျောင်း (၁၂)ကျောင်း၊ အထက်တန်းကျောင်း (၈)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၅၀)ကျောင်းရှိပြီး သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအုပ် ဆရာကြီးများနှင့် အတန်းပိုင်ဆရာ၊ ဆရာမများမှ ကျောင်းသား၊ သူ ကလေးငယ်များအား ကျောင်းအပ်နှံမှုများကို လက်ခံဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ (၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားရှိပြီး ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များကို (အခမဲ့)ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)