ရန်ကင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး သီတင်းပတ် အခမ်းအနား ကျင်းပ

ရန်ကင်း  မေ  ၂၇

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး သီတင်းပတ် မြို့နယ်အဆင့် အခမ်းအနားကို ယမန်နေ့နံနက် (၉:၀၀) နာရီ က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့ အမှတ်() အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲတွင် ..က () ရန်ကင်း၊ ..က (လေ့ကျင့်ရေး) ရန်ကင်းကျောင်းမှ ကျောင်းသား/သူ များက မြန်မာ့ကျောင်းတေးသီချင်းနှင့် ပြည်မြန်မာတေးသီချင်းများဖြင့် သီဆိုဧည့်ခံကြသည်။

ထို့နောက် ရန်ကင်းမြို့နယ် ပညာရေးမှူး ဒေါ်ဝင်းရည်မွန် က ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ Grade-11 (သင်ရိုးသစ်) သင်တန်းဆင်းလက်မှတ်များကို ဆရာ/မများအား ပေးအပ်ပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဦးသန်းလှိုင် က Grade-5 (သင်ရိုးသစ်) သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။

ယင်းနောက် ရန်ကင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ် က နိုင်ငံတော်မှ အခမဲ့ ဖြန့်ဝေပေးသည့် ကျောင်းသုံးပြဌာန်းပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များအား သက်ဆိုင်ရာ ကျောင်းသား/သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရန်ကင်း(ပြန်/ဆက်)