မြဝတီမြို့အမှတ်(၁)ရပ်ကွက်၌ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွားများအားလူမှုရေးပင်စင် ထောက်ပံ့ကြေးငွေပေးအပ်

မြဝတီ မေ ၂၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိအသက်(၈၅)နှစ်အထက် သက်ကြီးအဘိုး၊အဘွားများအား ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊မေ၊ဇွန်)လများအတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့် ထောက်ပံ့ကြေးငွေပေးအပ်ပွဲကို ယနေ့နံနက်၁၁နာရီက အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ကြောင်းသိရသည်။

အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေများ ပေးအပ်ရာတွင် အမှတ်(၁)ရပ်ကွက်အုပ်ချုပ် ရေးမှူးဦးအောင်သန်း၊ မြဝတီမြို့နယ်အမျိုးသမီးရေးအဖွဲ့ဝင်များနှင့်  ရပ်မိရပ်ဖတို့က  နိုင်ငံတော်မှထောက်ပံ့ပေးသည့် သက်ကြီးအဘိုး ၃ ဦး၊ အဘွား ၁ ဦးစုစုပေါင်း ၄  ဦးတို့အား ဧပြီ၊ မေ၊ ဇွန်လများအတွက် တစ်ဦးလျှင်ငွေကျပ်သုံးသောင်းနှုန်းဖြင့် တစ်ဦးချင်းအလိုက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီးကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများတွင်လည်း သက်ကြီးအဘိုး၊အဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)