အမြို့မြို့အနယ်နယ်သတင်းများ

May 27,2022
၂၀၂၂−၂၀၂၃ ပညာသင်နှစ်၊ ချင်းပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်ပညာရေးမှူးရုံး၊ တောင်ဇလပ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ဟားခါးတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောထွန်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
May 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ ယနေ့နံနက် ၁၁ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြောင်း သိရှိရသည်။
May 27,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နေ့လယ်(၁)နာရီအချိန်က ဆပ်ပြာဆီချက်နည်းသင်တန်းကို  ပြုလုပ်ဆောင်ရွက်ခဲ့သည်။
May 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ မြို့ပေါ်နှင့် ကျေးရွာဒေသများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အဖြစ် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများအား ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်း သွားရောက်၍  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 27,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာ လူထုအခြေပြု ဗဟိုဌာန (Community Center) တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမင်းထိုက်က ဆွေးနွေးခဲ့သည်။
May 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်သည် သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းက သဲကုန်းမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
May 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးရက်သတ္တပတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ကျင်းပခဲ့သည်။
May 27,2022
စစ်ကိုင်းခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းတောင်ရိုးရှိ အောင်မြေဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့ ပူးပေါင်း၍ အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်ဂရမ်မာ၊ အင်္ဂလိပ်စကားပြော သင်တန်းဆင်းပွဲကို မေ(၂၇)ရက်နေ့၊ နံနက်ပိုင်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။