အမြို့မြို့အနယ်နယ်သတင်းများ

May 27,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ မိုင်းအန္တရာယ် အသိပညာပေး ဟောပြောခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ မြန်မာမှ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက် (၁) အတွင်းတွင် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
May 27,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
May 27,2022
သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေးနှင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည် ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်၊ ရာသီဥတု မျှတစေရန်ရည်ရွယ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ကြံခင်းကြိုးဝိုင်း အကွက်အမှတ်(၅၂)တွင် ယနေ့နံနက် (၈)နာရီအချိန်က မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပခဲ့သည်။
May 27,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ဒေသခံပြည်သူများ သိရှိလိုက်နာဆောင်ရွက်စေရန် လူကုန်ကူးမှု အသိပညာပေးဆိုင်းဘုတ်ကို ယနေ့နံနက် (၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံရှေ့နှင့် စုပေါင်းရုံးရှေ့တို့တွင် စိုက်ထူပြသထားလျက်ရှိကြောင်း သိရသည်။
May 27,2022
စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာန၊ စိန်ကုန်းအရန်မီးသတ်စခန်း၊ သောတာပန်အရန်မီးသတ်စခန်း၊ ထုံဘိုအရန်မီးသတ်စခန်းနှင့်ခရိုင်ကြက်ခြေနီတပ်ဖွဲ့များထံသို့ ရန်ရှောင်ကွင်းကုမ္ပဏီမှ Chin Saw(၁)ခုစီ၊ စုစုပေါင်း(၅)ခုတို့အား ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို မေ(၂၇)ရက် နံနက်(၁၀)နာရီက ခရိုင်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
May 27,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများအနေဖြင့် မိုးရာသီရောက်တိုင်း ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ရေဘေးအသိပညာပေး သရုပ်ပြခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့က ရေယာဉ်ဆိပ်၌ ကျင်းပပြုလုပ်သည်။
May 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ရပ်ကွက်ကျေးရွာများသို့ဆင်းပြီး နေ့စဉ် ဆောင်ရွက်လျက်ရာ ယနေ့နံနက်တွင် ကံ့ကော်မြိုင်ရပ်ကွက်နှင့် ရေကျော်ကျေးရွာအုပ်စုများသို့ သွားရောက်ဆောင်ရွက်ကြောင်း သိရသည်။