ရွှေပြည်သာ မေ ၂၇
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ရပ်ကွက် / ကျေးရွာများသို့ ကွင်းဆင်း၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းများနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်း ဆောင်ရွက်ပေးရာ ယနေ့ နံနက် (၉) နာရီအချိန်တွင် အမှတ် (၁၆) ရပ်ကွက်ရှိ အသက် (၁၈) နှစ်ပြည့်၊ အသက် (၁၀) နှစ်ပြည့် ပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားပြုလုပ်ရန် ကျန်ရှိသူများကို ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦးနှင့် ဝန်ထမ်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ရွှေပြည်သာမြို့နယ်ရုံးတွင်လည်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကိုင်ဆောင်စို့ ဆောင်ပုဒ်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို နေ့စဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ )