လိပ်သို မေ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းသားကျောင်းသူများအတွက် ကျောင်းအပ်နှံခြင်းသီတင်းပတ်အဖြစ် ယမန်နေ့မှစတင်၍ ကျောင်းအပ်နှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ မိဘများကသားသမီးများအား ကျောင်းသို့လာရောက်အပ်နှံလျက်ရှိကြောင်းသိရသည်။
ထိုသို့ကျောင်းအပ်နှံခြင်းများ ဆောင်ရွက်ရာသို့မြို့အုပ်ချုပ်ရေးမှူးမှ သွားရောက်ကာဆရာ/မများအားအမှာစကားများပြောကြားပြီး ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ လက်ကမ်းစာစောင်များအားဝေငှပေးခဲ့ကြောင်း သိရသည်။
စောဝေါ်ကွောထူး(ရုပ်/သံ-၃)