စမ်းချောင်း မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက် (၉) နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဘဝင်းက ကျောင်းနေအရွယ် ကလေးလူငယ်များ ကျောင်းအပ်နိုင်ရေးအတွက် ကျောင်းသားမိဘများ၊ရပ်မိရပ်ဖများ ဝိုင်းဝန်းစည်းရုံးဆောင်ရွက်ရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပညာရေးမှူး ဒေါ်စန္ဒာဦးက ကျောင်းများဖွင့်လှစ်သင်ကြားရေးအတွက် ကြိုတင်ပြင်ဆင် ထားရှိမှုများ၊ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့အတွက် ကျောင်းအပ်နှံရေးဆောင်ရွက်ရာတွင် ဆရာ၊ ဆရာမများအနေဖြင့် ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း