ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်‌ရေး ဆက်လက် ဆောင်ရွက်

ဒဂုံမြောက် မေ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီမှစတင်၍  ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသူများအား ဆေးထိုးစုရပ်များတွင် ကျန်းမာရေးဝန်ထမ်းများက  ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်၊ အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန်၊ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရန်နှင့် တစ်မြို့နယ်လုံး ရာနှုန်းပြည့် ထိုးနှံပြီးစီးရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးခြင်းကို မေ ၂၇ ရက်နေ့တွင် သတ်မှတ်စုရပ်ဖြစ်သည့်   (၃၈) ရပ်ကွက်ရှိ မင်္ဂလာအေးကျောင်းတိုက် ဆေးထိုးစုရပ်တွင်  အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် (၁၈) နှစ်အထက် ဒေသခံပြည်သူ (၆) ဦးတို့အား Covidshield ကာကွယ်ဆေး၊ ဒုတိယအကြိမ် ထိုးနှံသူ (၆၀) ဦးတို့အား Covidshield ကာကွယ်ဆေးနှင့် တတိယအကြိမ် Booster ထိုးနှံသူ (၇၅) ဦးတို့အား Astra Zeneca ဆေးနှင့် Covxin ကာကွယ်ဆေးများအား‌ ဒေသခံပြည်သူ စုစုပေါင်း (၁၄၁) ဦးတို့ကို ဆက်လက်ထိုးနှံ‌ပေးခဲ့ပြီး ကာကွယ်‌ဆေး ထိုးနှံပေးနေမှုများအား ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများနှင့် ရပ်ကွက်တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

မြင့်မြင့်ရီ