ငါ့သရောက်မြို့တွင် ပဲမြစ်ဖုဇီဝမြေသြဇာ (Rhizobium) သုံးစွဲထားသိုနည်း တောင်သူအသိပညာပေး ဆွေးနွေးပွဲကျင်းပ

ငါ့သရောက် ဇွန် ၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်းဦးခရိုင် ၊ ငါ့သရောက်မြို့၊ ကူတောကျေးရွာတွင် ဇွန် ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ပဲမြစ်ဖုဇီဝမြေသြဇာ(Rhizobium) သုံးစွဲထားသိုနည်း တောင်သူအသိပညာပေးဆွေနွေပွဲကို ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန်က သွားရောက်၍ ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

ထိုအသိပညာပေးဆွေးနွေးပွဲကို ကူတောကျေးရွာမှ တောင်သူများတက်ရောက်ပြီး ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန်မှ ပဲမြစ်ဖုဇီဝမြေသြဇာ (Rhizobium) အသုံးပြုခြင်ဖြင့် ဓာတုမြေသြဇာများထက် ကုန်ကျမှု့သက်ခြင်း အကျိုးကျေးဇူးများ၊ ပဲမြစ်ဖုဇီဝမြေသြဇာအသုံးပြုနည်း၊ ပဲမြစ်ဖုဇီဝမြေသြဇာကို ပိုးသတ်ဆေး မှိုသတ်ဆေးတို့နှင့် ရောနှောအသုံးပြုနည်းများ၊ ပဲမြစ်ဖုဇီဝမြေသြဇာ ကို သိုလှောင်ထိန်းသိမ်းနည်း၊ ပဲမြစ်ဖုဇီဝမြေသြဇာကို ကိုင်တွယ်အသုံးပြုနည်းနှင့် လိုအပ်သောပစ္စည်းများနှင့်လူးနယ်ခြင်း စသည်တို့ကို တောင်သူများသိရှိစေရန် ရှင်းပြပေးခဲ့ကြောင်း သိရသည်။

ဖြိုးဝေ (ပြန်/ဆက်)