သံတောင်ကြီးမြို့နယ်၌ ဒူးရင်းသီးများ စတင်ထွက်ရှိပြီးဈေးကောင်းရရှိ

သံတောင်ကြီး ဇွန် ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းအဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းအနေနှင့် နှစ်ရှည်သီးနှံဖြစ်သည့် ဒူးရင်းသီးစိုက်ပျိုးလုပ်ကိုင်ခြင်းသည် တစ်ခုအပါအဝင်ဖြစ်သည်။

သံတောင်ကြီးမြို့နယ်သည် ယခုမိုးဦးချကာလတွင် ဒူးရင်းသီးများစတင်ထွက်ရှိပြီး ဈေးကောင်းများရရှိကြောင်းသိရသည်။အဆိုပါ သံတောင်ကြီးဒေသထွက် ဒူးရင်းသီးများမှာ လူကြိုက်များ၍ နှစ်စဉ်ရောင်းဝယ်မှုများ အားကောင်းလျက်ရှိကြောင်းနှင့် ဒူးရင်းသီးများကို အလုံးအရွယ်အစားအလိုက် ဈေးနှုန်းများရရှိပြီး ယခင်နှစ်ဒူးရင်းသီး(၁)လုံးလျှင်ငွေကျပ်၂၀၀၀ မှ ကျပ်၅၀၀၀ အထိသာရရှိပြီး ယခုနှစ်တွင် ဒူးရင်းသီး(၁)လုံးလျှင်ကျပ် ၄၀၀၀ မှ ကျပ် ၇၀၀၀ အထိရရှိကာ ဒူးရင်းသီးစိုက် တောင်သူများအတွက် အပိုဝင်ငွေရရှိပြီး စားဝတ်နေရေးအဆင်ပြေစေကြောင်း ဒူးရင်းသီးစိုက်တောင်သူတစ်ဦးထံက သိရသည်။

စောမင်းသား(ပြန်/ဆက်)