မြင်းမူ ဇွန်လ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် မြို့သန့်ရှင်းသာယာ လှပရေးအတွက် ဝန်ထမ်းအင်အား၊ စက်ယန္တယားအင်အားများ အသုံးပြုလျက် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများသည် မြို့တွင်းလမ်းမကြီးအပြင် ရပ်ကွက် အတွင်းလမ်းများနှင့် မြို့ရှောင်လမ်းဘေးဝဲယာများအား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အမှိုက်များရှင်းလင်းရန်အတွက် SKATအမျိုးအစား အမှိုက်သိမ်းယာဉ် (၃)စီး၊ ဟိုက်ဒရောလစ်ချိတ်ကား (အမှိုက်သယ်ယာဉ်) (၂)စီးနှင့် ဘက်ဟိုးယာဉ်ငယ်(၁)စီးကို အသုံးပြုကာ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင်အများပြည်သူများ အလွယ်တစ်ကူ အမှိုက်စွန့်ပစ်ရန်အတွက် သတ်မှတ်နေရာများတွင် အမှိုက် သံကန်ကြီး(၁၂)ခု ထားရှိပြီး မြို့တွင်း လူအသွားအလာများပြားသည့် မြို့တွင်း လမ်းမကြီးများ၏ သတ်မှတ်နေရာများတွင်လည်း ပလပ်စတစ် အမှိုက်ပုံး(၂၀)ကိုလည်း ထားရှိပေးထားကြောင်း သိရှိရသည်။
ထို့အတူ မြို့နယ်နိမိတ်အတွင်းရှိ မန္တလေး-မုံရွာ အဝေးပြေးလမ်းမကြီး တစ်လျှောက်ကိုလည်း (၁)ပါတ်လျှင်(၁)ကြိမ် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)